တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုနှစ်များတွင် တရုတ်-ဗီယက်နမ်ကုန်တင်ရထားများ၏ သယ်ယူပို့ဆောင်မှုအချိန်သည် သိသိသာသာ တိုတောင်းလာပြီး အကောက်ခွန်ရှင်းလင်းရေး ထိရောက်မှု အဆက်မပြတ် တိုးတက် လာကာ၊ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှုမြှင့်တင်ရန်အတွက် လျင်မြန်သော လမ်းကြောင်းဖြစ်လာခဲ့ကြောင်း ယခုလ ၁၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
မော်နင်က ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lam သည် တရုတ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ပြီး၊ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံခေါင်းဆောင်တို့သည် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နက်နဲစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ယခုအကြိမ်ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ဆက်နွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို တွန်းအားပေးမည်ဖြစ်ပြီး တရုတ် -ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းစွာ လက်တွေ့ကျကျ ဖော်ဆောင်စေကာ နှစ်နိုင်ငံပြည်သူ များအား ပိုမိုအကျိုးပြု စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။