အမေရိကန်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှု အရှုပ်တော်ပုံ ထပ်မံ ထွက်ပေါ်လာခဲ့ပေမယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ခန့်မှန်းတဲ့အရေအတွက်က အရှုပ်တော်ပုံထွက်ပေါ်လာတာရဲ့ တစ်ဝက်တောင် မရှိပါဘူး။ China Media Group CGTN က ကမ္ဘာတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများကို ကောက်ယူထားတဲ့ စစ်တမ်းမှာ အမေရိကန်စစ်တပ်တွင်းမှာရှိနေတဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိတယ်လို့ ဖြေဆိုသူ ၈၈.၉၅% က ဖြေကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က အမေရိကန်စစ်တပ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှု အမှုအရေအတွက် ၇၃၆၉၅ ခု ရှိခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားခဲ့တဲ့ အရေအတွက် ၂၉၀၀၀ ခုထက် ၂ ဆကျော် များပြားခဲ့တယ်လို့ အမေရိကန် Brown University မှ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီသတင်းထွက်ပေါ်လာတာနဲ့ နိုင်ငံတကာမှာလည်း လူထုအသံအမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ အလွန်ကွာဟနေတဲ့ စာရင်းဇယားနဲ့ပတ်သက်ပြီး စစ်တမ်းဖြေဆိုသူ ၉၄.၂၁% က အမေရိကန်အစိုးရက စစ်တပ်တွင်းမှာ စနစ်တကျ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုတွေ ရှိနေတာကို တမင်သက်သက် ဖုံးကွယ်ထားဖွယ်ရှိတယ်လို့ ယူဆကြပါတယ်။ မကြာခဏဖြစ်ပွားနေတဲ့ အမေရိကန်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုနဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်က ပြင်ပရဲ့စစ်ဆေးမှုကို ကာလကြာရှည်စွာ ကန့်ကွက်ခဲ့ကာ တပ်စည်းကမ်းကို စနစ်ထဲမှာ ကျင့်သုံးနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ ယင်းအပေါ် စစ်တမ်းဖြေဆိုသူ ၉၃.၉% က အမေရိကန်စစ်တပ်က ယုံကြည်ကိုးစားရမှုကင်းမဲ့သွားပြီဖြစ်ကြောင်း၊ ၎င်းရဲ့ကြေညာချက်ကို ယုံကြည်နိုင်ရန် ခက်ခဲကြောင်း ယူဆခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူ ၉၄.၉% က ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု ရှိစေရန်အတွက် အမေရိကန်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ အမေရိကန်စစ်တပ်က ဖော်ဆောင်တဲ့ လူငယ်အရန်အရာရှိ လေ့ကျင့်ရေးအဖွဲ့မှာ “အမိန့်နာခံခြင်း၊ စည်းကမ်းလိုက်နာခြင်း” ဆိုတဲ့ အနေအထားကို ဖော်ဆောင်ထားပြီး ဒီအကြောင်းပြချက်နဲ့ ကျောင်းသားတွေကို အတင်းအကျပ် ကျူးလွန်တယ်လို့ အမေရိကန်မီဒီယာများက သတင်းဖော်ပြကြပါတယ်။ ယင်းအပေါ် စစ်တမ်းဖြေဆိုသူ ၈၂.၈% က အတောမသတ်နိုင်တဲ့ အမေရိကန်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု အရှုပ်တော်ပုံတွေက အမေရိကန်စစ်တပ်ရဲ့ အတွင်းပိုင်းကြပ်မတ်မှု လစ်ဟင်းမှုနဲ့ ထိရောက်တဲ့အရေးယူမှု မရှိတာကို ဖော်ပြနေတယ်လို့ ယူဆကြပါတယ်။ အမေရိကန်စစ်တပ်တွင်းမှာ ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှု အပါအဝင် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကို ဖြေဆိုသူ ၈၈.၉၅% က စိုးရိမ်နေကြပါတယ်။
အမေရိကန်စစ်တပ်တွင်းမှာသာမကဘဲ ဂျပန်၊ တောင်ကိုရီးယား တို့မှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ပြည်ပအခြေစိုက်စခန်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုတွေ ရှိနေခဲ့ပြီး ဥပဒေအရ အရေးယူမှုကို အကြိမ်ကြိမ် ရှောင်ရှားနေခဲ့တဲ့အတွက် အခြေစိုက်နိုင်ငံများမှ ပြည်သူများက ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ကြီးစိုးမှုကို ထပ်မံဖော်ပြနေခြင်း ဖြစ်တယ်လို့ ဖြေဆိုသူ ၉၃.၇၄% က ယူဆကြပါတယ်။ အမေရိကန်စစ်တပ်က ကျူးလွန်ခံရသူတွေကို စိတ်ရင်းနဲ့တောင်းပန်ရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူများကို ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း စစ်တမ်းဖြေဆိုသူ ၉၃.၃၅% က ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုများ မကြာခဏထွက်ပေါ်လာခြင်းက နိုင်ငံတကာမှာ အမေရိကန်ရဲ့ဂုဏ်သတင်းကို အရှိန်အဟုန်နဲ့ ဝါးမျိုနေတယ်လို့ စစ်တမ်းဖြေဆိုသူ ၉၂.၃၁ % က ပြောကြားကြပါတယ်။
ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ် နဲ့ ရုရှား ဘာသာစကားပလက်ဖောင်းတွေမှာ ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၂၁၇၆၇ ဦး ပါဝင်မဲပေးခဲ့ပြီး သဘောထားအမြင်များ ဖော်ပြခဲ့ပါတယ်။