တရုတ်နိုင်ငံအကူအညီဖြင့် လာအို Luang Prabang ဆေးရုံ အဆင့်မြှင့်တင်ရေး စီမံကိန်း ပြီးမြောက်အောင်မြင်ပြီး တရားဝင် ဖွင့်လှစ်ကာ လာအိုဘက်အား လွှဲပြောင်းပေးအပ်

(GMT+08:00)2024-08-20 10:53:26  

ဩဂုတ်လ ၁၆ ရက်နေ့က တရုတ်နိုင်ငံအကူအညီဖြင့် လာအို Luang Prabang ဆေးရုံ အဆင့်မြှင့်တင်ရေး စီမံကိန်း  ပြီးမြောက်အောင်မြင်ပြီး တရားဝင် ဖွင့်လှစ်ကာ လာအိုဘက်အား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ရာ လာအို ကျန်းမာရေးဝန်ကြီးဌာန၊ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စီမံကိန်းတည်ဆောက်ရေးဌာနတို့မှ သက်ဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း လာအိုနိုင်ငံ Luang Prabang မှ သတင်းအရ သိရပါသည်။

အခမ်းအနားတွင် လာအို ကျန်းမာရေး ဝန်ကြီး Bounfeng Phoummalaysith က မိန့်ခွန်းပြောကြားခဲ့ရာ Luang Prabang ဆေးရုံ အဆင့်မြှင့်တင်ရေး စီမံကိန်း  သည် တရုတ်နိုင်ငံမှ  လာအိုပြည်သူများ၏ စားဝတ်နေရေး အပေါ် ပံ့ပိုးကူညီမှုကို ပြသထားကြောင်း၊ လာအိုသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေး အတွေ့အကြုံများကို သင်ယူပြီး ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားသည်။