“ပူတင်သည် ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးနိုင်ဖွယ်ရာများကို ပယ်ချပြီ”ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00)2024-08-20 12:24:09  

ဂျာမဏီ နိုင်ငံ Deutsche သတင်းအေဂျင်စီမှ သြဂုတ်လ ၁၉ရက်နေ့ထုတ်သတင်းအရ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrovက ရုရှားနယ်မြေပေါ်တွင် ယူကရိန်း၏ ဖျက်ဆီးမှုများကြောင့် ရုရှားနိုင်ငံ သမ္မတ ပူတင်သည် Kyivနှင့် စေ့စပ်ဆွေးနွေးနိုင်ဖွယ်ရာများ ကို ပယ်ချပြီဖြစ်ကြောင်း ၁၉ရက်နေ့က ပြောကြားခဲ့သည်ဟု သိရပါသည်။

Lavrovက ပူတင်သည် အခြေအနေကို လျင်မြန်စွာ အကဲဖြတ်မည်ဖြစ်ကြောင်း၊ စစ်ပွဲဆိုင်ရာနှစ်ဖက်တို့က ကာတာ သို့မဟုတ် တူရကီစသော ကြားနေသောနိုင်ငံများမှ တစ်ဆင့် စတင်ထိတွေ့ဆက်ဆံသော သတင်းထုတ်ပြန်ချက်များသည် ကောလဟာလပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။