ရုရှားသည် "Nord Stream" ပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးရန် ဂျာမဏီကို တရားဝင် တောင်းဆိုထားသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-08-20 12:06:12  

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တတိယဥရောပရေးရာဌာန ညွှန်ကြားရေးမှူးချုပ် အိုလဲ့ဂ် ဒယာပကင် က ရုရှားနိုင်ငံသည် "Nord Stream" သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးရန် ဂျာမဏီကို တရားဝင် တောင်းဆိုထားသည်ဟု ပြောကြားကြောင်း ရုရှား Rossiya Segodnya သတင်းအေဂျင်စီမှ ၁၉ရက်နေ့ထုတ် သတင်းအရ သိရသည်။ ဂျာမဏီသည် ယူကရိန်းနိုင်ငံသားတစ်ဦးကို ဘောလ်တစ်ပင်လယ်တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သည်ဟု သံသယရှိသူအဖြစ် ၎င်း၏ဖမ်းဝရမ်းထုတ်စာရင်းတွင် ထည့်သွင်းထားကြောင်း၊ ဂျာမဏီမီဒီယာများမှ ပြစ်မှုကျူးလွန်သူသည် မည်သည့်နိုင်ငံနှင့်မျှ မသက်ဆိုင်ကြောင်း အယူအဆကို အချိန်အတော်ကြာ ဖြန့်ထားသောကြောင့် ၎င်းဖြစ်စဉ်တွင် လူမသိသူမသိ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူအစစ်အမှန်ကို မဆုံးဖြတ်ဘဲ Nord Stream ဗုံးခွဲမှုကိစ္စအား ပိတ်သွားစေနိုင်ဖွယ်ရာရှိကြောင်း၊ ရုရှားက ဒီလို အခြေအနေကို သည်းမခံနိုင်ကြောင်း ဒယာပကင် က မီဒီယာသို့ ပြောကြားခဲ့သည်။