၂၀၂၄ ခုနှစ် ထိုင်ဝမ်ပင်လယ်ရေလက်ကြား ပင်လယ်ပြင်ကင်းလှည့်ရေးနှင့် တရားဥပဒေ ကျင့်သုံးဆောင်ရွက်ရေး လှုပ်ရှားမှုကို တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာန ဦးစီးပြုလုပ်

(GMT+08:00)2024-08-19 14:28:47  

တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဖူကျန့်ပင်လယ်ရေကြောင်းဦးစီးဌာန၊ အရှေ့ပင်လယ်ကယ်ဆယ်ရေးဦးစီးဌာနတို့ ပူးတွဲပြီး ၂၀၂၄ ခုနှစ် ထိုင်ဝမ်ပင်လယ်ရေလက်ကြား ပင်လယ်ပြင်ကင်းလှည့်ရေးနှင့် တရားဥပဒေ ကျင့်သုံးဆောင်ရွက်ရေး လှုပ်ရှားမှုကို သြဂုတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။
    Haixun ၀၆ ၊ Haixun ၀၈၀၂ နှင့် အရှေ့ပင်လယ်ကယ်ဆယ်ရေး ၁၁၅ အပါအဝင် အစိုးရပိုင်သင်္ဘော ၃ စင်းဖြင့် ဖွဲ့စည်းထားသော ကင်းလှည့်ရေးသင်္ဘောအုပ်စုသည် ယခုအကြိမ်လှုပ်ရှားမှုတွင် တာဝန်ထမ်းဆောင်ခဲ့ရာ  နာရီ ၃၀ ကျော်ကြာ အချိန်ယူပြီး ရေမိုင် စုစုပေါင်း ၄၁၃ မိုင် ကင်းလှည့်ခဲ့ပါသည်။
    ယခုအကြိမ် ပင်လယ်ပြင်ကင်းလှည့်ရေးနှင့် တရားဥပဒေ ကျင့်သုံးဆောင်ရွက်ရေး လှုပ်ရှားမှုသည် ထိုင်ဝမ်ရေလက်ကြား ပင်လယ်ပြင် လမ်းပန်းဆက်သွယ်ရေး စီမံထိန်းချုပ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးစွမ်းရည်ကို မြှင့်တင်မည် ဖြစ်ပြီး ထိုင်ဝမ်ပင်လယ် ရေလက်ကြားတွင်  ခုတ်မောင်းမှုနှင့် ကုန်ထုတ်လုပ်မှုများကို လုပ်ကိုင်သည့် သင်္ဘောများ၊ အဆောက်အအုံများနှင့် လူများ၏ အသက်စည်းစိမ်လုံခြုံမှုကို ထိရောက်စွာ ကာကွယ် ထိန်းသိမ်းနိုင်မည် ဖြစ်သည်ဟု သတင်းအရ သိရှိရပါသည်။