တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတွင် တရားဝင် ခရီး လှည့်လည်နေသော ဖီဂျီ ဝန်ကြီးချုပ် ရာဘူကာနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် လီချန်က ဖီဂျီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပထမဦးဆုံး သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ပစိဖိတ်ကျွန်းနိုင်ငံ ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး စီမံကိန်းသစ်ကို အတူ ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖီဂျီနှင့် အပြန်အလှန် ယုံကြည်အားကိုးပြီး အပြန်အလှန် အားပေးထောက်ခံသော မိတ်ဆွေစစ် ဆက်လက် ဖြစ်သွားလိုကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ပုံမှန် တည်ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ရာဘူကာက ဖီဂျီနိုင်ငံသည် တရုတ်နိုင်ငံအား ယုံကြည်အားကိုးရသော မိတ်ဖက် အဖြစ် အမြဲ သဘောထားပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို စွဲကိုင်ကာ တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလာရေးနှင့် အပြန်အလှန် ဆက်သွယ်ရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုပါကြောင်း ပြောကြားခဲ့ပါသည်။