နိုင်ငံခြားမှ တရုတ်ပြည်သို့ လာရောက်သူ ဦးရေ ၁၂၉.၉ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-08-19 14:06:59  

ယခုလ ၁၉ ရက်နေ့၊ တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် “အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်အားပေးရေး” စီးရီးမှ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် Liu Haitao က ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နယ်စပ်ဂိတ်အသီးသီးမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ဦးရေမှာ ၁၇.၂၅၄ သန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၂၉.၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဗီဇာ ၈၄၆၀၀၀ ထုတ်ပေးခဲ့ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၈၂.၉ ရာခိုင်နှုန်း တိုးလာကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Liu Haitao က လွန်ခဲ့သည့်နှစ်များအတွင်း နိုင်ငံတော် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနသည် သက်ဆိုင်ရာ ဌာနများနှင့်အတူ ပိုမို များပြားသော နိုင်ငံများအား ဗီဇာကင်းလွတ်ခွင့် ပေးအပ်ပြီး တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ အဆင်ပြေစေမည့် ပေါ်လစီများကို ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့အနက် တရုတ် နိုင်ငံ၌ ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့်၊ ဒေသအချို့တွင် တရုတ်ပြည်သို့ဝင်ရောက်လာခြင်း ဗီဇာကင်းလွတ်ခွင့် စသည့် ပေါ်လစီများ ပါဝင်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စာရင်းအင်းဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အချက်အလက်များအရ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများ၏ ပျမ်းမျှ နေ့စဉ် သုံးစွဲမှုမှာ ယွမ်ငွေ ၃၄၅၉ ယွမ်

ရှိကြောင်း ခန့်မှန်းထားသည်။