ဒေသစံတော်ချိန် ဩဂုတ်လ ၁၈ ရက်နေ့က အဇာဘိုင်ဂျန်သမ္မတ အလီယက်ဗ်နှင့် ၎င်း၏ဇနီးဖြစ်သူ အဇာဘိုင်ဂျန်နိုင်ငံ ဒုသမ္မတ -၁ အလီယာဗာတို့သည် အဇာဘိုင်ဂျန်မြို့တော် ဘာကူသို့ လာရောက်လည်ပတ်နေသည့် ရုရှားသမ္မတ ပူတင်နှင့် အလွတ်သဘော တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။
ရုရှားသမ္မတ ပူတင်သည် သြဂုတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ယခုအကြိမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့က နှစ်ဖက်ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ပူးတွဲကြေညာချက်များကို ထုတ်ပြန်ကာ ပူးပေါင်းဆောင်ရွက်ရေးစာတမ်းများကိုလည်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ ထုတ်ပြန်သော သတင်းများအရသိရပါသည်။