တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ခရီးစဉ်သစ်တွင် ပိုမိုကျယ်ပြန့်ပြီး ပိုမိုနက်ရှိုင်းသောအဆင့်တွင် စူးစမ်းရှာဖွေမှုများ လုပ်ဆောင်ပြီး ပိုမိုအဆင့်မြင့်မားသည့် လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်မှုဇုန်ကို ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်မှုဇုန် မြှင့်တင်ရေး မဟာဗျူဟာကို အကောင် အထည်ဖော်ဆောင်ရေးဆိုင်ရာများ ရှင်းလင်းပြတ်သားစွာ စီမံပြီး မူရင်းတီထွင်မှုနှင့် ပေါင်းစပ်ရှာဖွေမှုကို အားပေးခဲ့သည်ဟု သတင်းအရသိရပါသည်။
တံခါးဖွင့်မှုဖြင့် ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်ပြီး၊ ပိုမိုအဆင့်မြင့်မားသည့် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်မှုဇုန်ကို တည်ဆောက်ကြ
(GMT+08:00)2024-08-19 14:49:20