သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lam အား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို ကျင်းပခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lam သည် သြဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီး လှည့်လည်မည် ဖြစ်ပါသည်။