ဒေသစံတော်ချိန် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဂျပန် Kobayashi ကုမ္ပဏီက red fermented rice ပါဝင်သော အားတိုးဆေးများကြောင့် ထိခိုက်ခံရသူများအား ထိခိုက်နစ်နာမှုအတွက် လျော်ကြေး လျှောက်လွှာများကို စတင်လက်ခံခဲ့ပြီး ၎င်းတို့အနက် ဆေးဖိုးဝါးခနှင့် နှစ်သိမ့်ခြင်းငွေကြေးများ ပါဝင်ကြောင်း သတင်းအရ သိရပါသည်။
မကြာခင်ရက်များအတွင်းက ဂျပန်နိုင်ငံမှ လူများစွာသည် ယင်းကုမ္ပဏီမှ ထုတ်လုပ်သော red fermented rice ပါဝင်သော အားတိုးဆေးများကို စားသုံးပြီးနောက် ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်ရသည့်အပြင် သေဆုံးသွားခြင်းလည်းရှိခဲ့ပါသည်။ ဂျပန် ကျန်းမာရေး၊ အလုပ်သမားရေးရာ နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ဇူလိုင်လ ၂၁ ရက်နေ့အထိ အဆိုပါ အရေးကြောင့် သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိပြီး ဆေးဝါးကုသမှု ခံယူသူ ဦးရေ ၂၂၇ဝ ကျော်ရှိကာ စုစုပေါင်း လူ ၄၆၀ ကျော် ဆေးရုံတင်ခဲ့ရသည်။ ဂျပန် Kobayashi ကုမ္ပဏီမှ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Kazuma Kobayashi နှင့် ကုမ္ပဏီမှ အကြီးအကဲ Akihiro Kobayashi တို့သည် ဇူလိုင်လ ၂၃ ရက်နေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။