ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းရာဇဝတ်မှု ပုဒ်မ ၁၁၂ (ဘုရင်၏ ဂုဏ်ကျက်သရေကို ထိပါးခြင်း)နှင့် ကွန်ပျူတာ ရာဇဝတ်မှု ဖောက်ဖျက်ခြင်း သံသယရှိသောကြောင့် ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးသည် သြဂုတ်လ ၁၉ရက်နေ့တွင် ၎င်းကို ရုံးတင်စစ်ဆေးခဲ့ပါသည်။ သက်ဆင်ကိုယ်တိုင် ယင်းတရားရုံးသို့ တက်ရောက်ခဲ့ပါသည်။
ယခုနှစ် မေလ ၂၉ ရက်နေ့တွင် ထိုင်းရှေ့နေချုပ်က ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ အရ သက်ဆင်သည် ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ မီဒီယာအင်တာဗျူးကို လက်ခံဖြေကြားရာတွင် ဘုရင်စနစ်ကို ရန်စသည့်အကြောင်းပါ၍ ၎င်းကို အများပြည်သူကိုယ်စား တရားစွဲဆိုခဲ့ပါသည်။ ၎င်းအမှုမှာ သက်ဆင်၏ ကွန်ပြူတာရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက်မှုလည်း ပါဝင်ပါသည်။ သက်ဆင်သည် အဆိုပါ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါသည်။