ယခုနှစ်တွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးကားဈေးကွက်သည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပါသည်။ အရေးကြီးသော အခြေခံအဆောက်အအုံသစ်တစ်ခုအနေဖြင့် အားသွင်းစက်များကို နေရာအသီးသီးတွင် အရှိန်အဟုန်ဖြင့် ဖြန့်ကျက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့၏ အတိုင်းအတာကို ဆက်လက်တိုးချဲ့လျက်ရှိပါသည်။ နောက်ဆုံးရ အချက်အလက်များအရ ယခုနှစ် ဇူလိုင်လလကုန်အထိ တရုတ်ပြည်တစ်ပြည်လုံးတွင် အားသွင်းစက်ပေါင်း ၁၀၆.၀၃ သိန်း အထိရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅၃ ရာခိုင်နှုန်းတိုးများခဲ့ကာ ၎င်းတို့အနက် ပါဝါမြင့်မားသော အားသွင်းခြင်းသည် တရုတ်နိုင်ငံ၏ အားသွင်းစက်လုပ်ငန်းတွင် ထင်ရှားသည့် မှတ်တိုင်သစ်တစ်ခု ဖြစ်လာကြောင်း သိရပါသည်။