သြဂုတ်လ ၁၉ရက်နေ့သည် သတ္တမမြောက် တရုတ်ဆရာဝန်များနေ့ဖြစ်ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်တို့သည် ၂၀၂၄ခုနှစ် “အလှဆုံးဆရာဝန်များ” နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။
၎င်းတို့အနက် အချို့သည် အောက်ခြေအဆင့် ရှေ့တန်းနေရာ၌ ပြည်သူများ၏ကျန်းမာရေးအတွက် တစ်လျှောက်လုံးစောင့်ရှောက်နေပါသည်။ အချို့သည် ရောဂါကြိုတင်ကာကွယ်ကုသရာတွင် တစ်ဆင့်တိုးတက်မှုရရှိရန်အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။
အသက်ကို လေးစားပြီး ပေးဆပ်လိုစိတ်ရှိသော၎င်းတို့သည် တရုတ်နိုင်ငံ ဆေးကုသရေး ဝန်ထမ်း ၁၄သန်းကျော်တို့၏ ရုပ်ပုံအငယ်စားပင်ဖြစ်ပါသည်။