တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ကမ်းလွန် ဘက်စုံမြစိမ်းရောင်ဒီဇိုင်း ရေနံမြေတွင် ပထမဆုံး ရေနံကြမ်းပို့ဆောင်မှုကို ဆောင်ရွက်ပြီးစီး

(GMT+08:00)2024-08-19 14:35:18  

သြဂုတ်လ ၁၈ရက်နေ့က ရေနံကြမ်း ၂.၅တန်ခန့်ကို သယ်ဆောင်ထားသော “Tian Ying” သင်္ဘောသည် ကွမ်တုံးပြည်နယ် Leizhouမြို့ Wushi ရေနံကြမ်းပို့ဆောင်မှုရပ်ဝန်းမှ ဖြည်းဖြည်းထွက်ခွာခဲ့ပြီး Wushi 23-5 ရေနံမြေမှ ပထမဆုံး ရေနံကြမ်းပို့ဆောင်မှုအလုပ်ကို အောင်မြင်စွာဆောင်ရွက်ကြောင်း ပြသနေပါသည်။

Wushi 23-5 ရေနံမြေသည် တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ကမ်းခြေ ဘက်စုံ မြစိမ်းရောင်ဒီဇိုင်း ရေနံမြေဖြစ်ကြောင်း၊ ပင်လယ်ရေအောက် မီတာ ၂၀၀၀ နေရာမှ Leizhou ကျွန်းဆွယ်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပထမအကြိမ် ပို့ဆောင်ခဲ့ကြောင်း၊ Beibuပင်လယ်ကွေ့ ပထမဆုံးသော ကုန်ထုတ်လုပ်ရေး “ကာဗွန်ထုတ်လွှတ်မှုမရှိ”သည့် ရေနံမြေလည်း ဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေ ရေနံရှာဖွေထုတ်လုပ်ရာတွင် ကာဗွန်ဒိုင် အောက်ဆိုက်နည်းစေအောင် အသွင်ကူးပြောင်းရန်အတွက် စံနမူနာဖြစ်ကြောင်း သတင်းရရှိပါသည်။