အိန္ဒိယအမျိုးသမီး အလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရခြင်းကြောင့် တစ်ပြည်လုံးမှ ဆက်တိုက်ဆန္ဒပြ

(GMT+08:00)2024-08-19 14:51:25  

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က အဓမ္မပြုကျင့်မှု၏ အသေးစိတ်အချက် အလက်များ တဖြည်းဖြည်းထုတ်ဖော်လာသည်နှင့်အမျှ၊  ဒေသခံပြည်သူလူထုသည် အဆက်မပြတ် ဒေါသပြင်းထန်လာပြီး၊  နေရာအများအပြားတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။

ယခုလ ၉ ရက်နေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံ Kolkata မြို့ရှိ အစိုးရပိုင် ဆေးရုံတစ်ရုံ၌ အိန္ဒိယတစ်ပြည်လုံးကို ထိတ်လန့်တုန်လှုပ်စေသော လိင်ပိုင်းဆိုင်ရာ စော်ကားသတ်ဖြတ်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်ဟု သတင်းအရသိရပါသည်။