To Lamသည် ဗီယက်နမ် တရုတ် ချစ်ကြည်ရေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

(GMT+08:00)2024-08-18 19:32:38  

 ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lamသည် သြဂုတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ တရု တ်နိုင်ငံသို့ တရားဝင် ခရီး လှည့်လည်မည် ဖြစ်ပါသည်။ ၁၈ရက်နေ့တွင် To Lamသည် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ဗီယက်နမ်  တရုတ် ချစ်ကြည်ရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။တွေ့ဆုံနှုတ်ဆက်ပွဲတွင် To Lam က ဗီယက်နမ် နိုင်ငံသည် ဗီယက်နမ်-တရုတ် “ရဲဘော်နှင့် ညီအစ်ကို” အစဉ်အလာ ချစ်ကြည်ရေးကို လွန်စွာ အမြတ်တနိုးထားပြီး တရုတ်ပြည်နှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး နေရာတွင် အမြဲထားရှိကြောင်း ပြောကြားခဲ့သည်။