ဒေသ စံတော်ချိန် ယခုလ ၁၇ရက်နေ့ ညက အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်ရပ်တွင် ဂါဇာ၌ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ဖော်ဆောင်နိုင်ခြေ အပေါ် ဆင်ခြင်မှု ရှိစွာဖြင့် အကောင်းဘက်မှ မြင်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ် Netanyahuသည် ၄င်း၏ စေ့စပ်ဆွေးနွေးရေး အဖွဲ့မှ ယခု သီတင်းပတ်က ကာတာနိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြီး ပြုလုပ်သော ရှင်းလင်းချက်ကို နာကြားပြီး ထိုသို့ သဘောထား ဖော်ပြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။
ဂါဇာတွင် အကြိမ်သစ် အပစ်အခတ် ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲကို ယခုလ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ ကာတာ နိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သည်။ ကာတာ၊ အမေရိကန်နှင့် အီဂျစ် ၃နိုင်ငံတို့က ယခုလ ၁၆ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ယခုအကြိမ် ဆွေးနွေးပွဲသည် အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့သည်။