ထိုင်း ဝန်ကြီးချုပ် အဖြစ် Paetongtarn Shinawatra တာဝန် ထမ်းဆောင်ရန် ထိုင်းဘုရင်သည် တရားဝင် ခွင့်ပြု

(GMT+08:00)2024-08-18 14:53:42  

    ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့က ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ကိုယ်စားလှယ်သည် Paetongtarn Shinawatraအား ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဘုရင် အမိန့်တော်ကို ဖတ်ကြားခဲ့သည်။ Paetongtarn Shinawatraအား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ် တာဝန် ထမ်းဆောင်ရန် ထိုင်းဘုရင် Maha Vajiralongkornသည် တရားဝင် ခွင့်ပြုခဲ့သည်။

    ယခုလ ၁၆ရက်နေ့က Pheu Thai ပါတီ ခေါင်းဆောင် Paetongtarn Shinawatraသည် အောက်လွှတ်တော်အမတ် တစ်ဝက်ကျော်၏ ထောက်ခံမဲ ရရှိပြီး ဝန်ကြီးချုပ်သစ် အဖြစ် အရွေးခံခဲ့ရသည်။ ၄င်းသည် အသက် ၃၇နှစ် အရွယ် ရှိပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra၏ သမီးဖြစ်ကာ လက်ရှိ Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်သည်။ Paetongtarn Shinawatraသည် Yingluck Shinawatra ပြီးလျှင် ထိုင်း သမိုင်းကြောင်းတွင် ဒုတိယ အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပြီး အသက် အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သည်။