ဒေသစံတော်ချိန် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်အစောပိုင်းက လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၁၇ ရက်နေ့တွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်ဘက်မှ ဒုံးကျည် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို တွေ့ရှိခဲ့ပြီး နေရာအများအပြားတွင် အချက်ပေးဥဩသံများကို ကြားရပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သော်လည်း လူသေကျေ အနာတရဆုံးရှုံးမှုမရှိကြောင်း အစ္စရေးနိုင်ငံတော် ကာကွယ်ရေး တပ်မတော်မှ သတင်းအရ သိရပါသည်။