ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ To Lamသည် သြဂုတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီး လှည့်လည်မည် ဖြစ်ပါသည်။ ၁၈ရက်နေ့ နံနက် ၉း၂၅ မိနစ်က To Lamသည် အထူးလေယာဉ်ဖြင့် ကွမ်ကျိုးမြို့သို့ ရောက်ရှိခဲ့ပါသည်။
တရုတ်နိုင်ငံသည် To Lam က ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး ခရီးလှည့်လည်သောနိုင်ငံ ဖြစ်လာပါသည်။ ကွမ်ကျိုးမြို့ ခရီးစဉ်အတွင်း To Lamသည် ဥက္ကဋ္ဌ ဟိုချီမင်၏ တရုတ်ပြည်၌ တော်လှန်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့သောအနီရောင်အရိပ်များကို ရှာဖွေ လေ့လာပြီး တရုတ်၊ဗီယက်နမ်ချစ်ကြည်ရေးပုဂ္ဂိုလ်များနှင့် ကူးလူးဖလှယ်ရန် စီစဉ်ထားပါသည်။