
ဒေသ စံတော်ချိန် ယခုလ ၁၈ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် Paetongtarn Shinawatraက သတင်းစာ ရှင်းလင်းပွဲတွင် China Media Groupမှ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံတို့သည် နက်ရှိုင်းသော ချစ်ကြည်ရေး ဆက်ဆံမှုကို နှစ်ရှည်လများ ထိန်းသိမ်းထားကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ် နိုင်ငံနှင့် ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။








