ဒေသစံတော်ချိန် ဩဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ထိုင်းတော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လွတ်ငြိမ်းချမ်းသာခွင့်ရရှိ၍ ပြစ်ဒဏ်ကျခံနေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ သက်ဆင်သည် မူလက သြဂုတ်လ ၃၁ ရက်နေ့တွင် ၎င်း၏ ပြစ်ဒဏ် ပြီးဆုံးမည်ဖြစ်ပါသည်။
ယခုအကြိမ် ထိုင်းတော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ထိုင်းနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၀၀၀၀ ခန့်သည် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိကြောင်း သိရပါသည်။