ဒေသစံတော်ချိန် သြဂုတ်လ ၁၇ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် သည် ၎င်း၏ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဆူဒန်အစိုးမှ ၎င်းနှင့် ချဒ်အကြားရှိ Adreနယ်စပ်စခန်းကို ၃လကြာ ဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းအား ချီးကျူး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဂူတာရက်စ်က ဆူဒန် ဘက်အသီးသီးတို့သည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ နှင့် ယခင်က သဘောတူညီထားသည့်အတိုင်း တာဝန်များကို ထမ်းဆောင်သင့်ကြောင်း၊ လူသားချင်းစာနာမှုဝင်ခွင့်ပေးရေးနှင့် အရပ်သူအရပ်သားများ ကာကွယ်စောင့်ရှောက်ခြင်းကို လွယ်ကူစေရန်အတွက် အသေးစိတ် ဆောင်ရွက်ချက်များ ဆက်တိုက် ကျင့်သုံးသင့် ကြောင်း အလေးထားပြောကြားခဲ့ပါသည်။