တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့သည် အွန်လိုင်း လောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှု စသော နိုင်ငံဖြတ်ကျော် ကျူးလွန်မှုများကို ပိုမို အားကောင်းစွာ ပူးပေါင်းတိုက်ဖျက်ရန် သဘောတူ ညီခဲ့ကြ

(GMT+08:00)2024-08-17 14:02:28  

ဒေသစံတော်ချိန် သြဂုတ်လ ၁၆ရက်နေ့က တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နိုင်ငံဖြတ်ကျော် ပြစ်မှု ကျူးလွန်မှုများပြဿနာကို ဆွေးနွေးခဲ့ကြ ပါသည်။

ဝမ်ယိက လုံခြုံရေးသည် နိုင်ငံအသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ သမ္မတရှီကျင့်ဖိန်မှ အဆိုပြုသည့် ကမ္ဘာတစ်ဝန်းလုံခြုံရေးဆိုင်ရာကမ်းလှမ်းချက်ကို လမ်းညွှန်ချက်အဖြစ်ထားပြီး နိုင်ငံဖြတ်ကျော် ပြစ်မှု ကျူးလွန်မှုများကို  ပိုမို အားကောင်းစွာ ပူးပေါင်းတိုက်ဖျက်ကာ နယ် မြေ အေးချမ်းသာယာရေးကို ပူးတွဲကာကွယ်ကြရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ ပါသည်။

လေးနိုင်ငံတို့သည် အွန်လိုင်း လောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ လူကုန်ကူးမှုစသော နိုင်ငံဖြတ်ကျော် ပြစ်မှု ကျူးလွန်မှုများကို ပိုမို အားကောင်းစွာ တိုက်ဖျက်ရန်အတွက် အားဖြည့် ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးစွာ တွဲဖက်ဆောင်ရွက်ကာ ဒေသတွင်း အေးချမ်း သာယာရေးကို ပူးတွဲကာကွယ်ကြရန် သဘောတူညီခဲ့ကြပါသည်။