မေး- ယခုရက်များအတွင်းဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းသည် Sabina Shoal lagoon တွင် ရပ်တန့်နေခဲ့သည်ဟု သတင်းရရှိပါသည်။ ၎င်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတည်ပြုနိုင်ပါသလား။ ယင်းအပေါ် မှတ်ချက်ပြုစရာများ ရှိပါသလား။
ဖြေ- Sabina Shoal lagoon သည် တရုတ်နိုင်ငံ Nansha ကျွန်းစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဖိလစ်ပိုင်သင်္ဘောသည် Sabina Shoal lagoon တွင် ဝင်ရောက်ပြီး အချိန်ကြာ ရပ်တန့်နေခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး တရုတ်တောင်ပင်လယ် ဘက်အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်းပါ သတ်မှတ်ချက်များကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကာ တရုတ်တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။ တရုတ်ဘက်သည် သံတမန်လမ်းကြောင်းဖြင့် ဖိလစ်ပိုင်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီး ဖိလစ်ပိုင်ဘက်အား ၎င်းလုပ်ရပ်ကို ချက်ချင်းရပ်စဲရန်နှင့် သက်ဆိုင်ရာသင်္ဘောကို ချက်ချင်းရုပ်သိမ်းရန် တောင်းဆိုထား ကြောင်း ဖြေကြားခဲ့ ပါသည်။