အဘယ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် တရုတ် ဈေးကွက် အပေါ် ယုံကြည်မှု ရှိသနည်း

(GMT+08:00)2024-08-17 13:52:23  

ယခုနှစ်တွင် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများသည် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်တိုက် တိုးချဲ့ဆောင်ရွက်ပြီး တရုတ် စီးပွားရေး အပေါ် ယုံကြည်မှု ရှိခြင်းကို ပြသနေသည်။ ဥပမာ ပြောရလျှင် ဂျာမဏီ ARBURG ကုမ္ပဏီသည် တရုတ် နိုင်ငံတွင် ကုန်ထုတ်လုပ်မှုကို ပြုလုပ်မည်ဟု ယခုလ၌ ဆုံးဖြတ်ခဲ့သည်။ ဆွစ်ဇာလန် ABBကုမ္ပဏီနှင့် အမေရိကန် ExxonMobilတို့သည် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးပွားစေမည် ဖြစ်သည်။ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး ကောင်စီမှ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် စာရင်းအရ စစ်တမ်း ဖြေကြားသည့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီ ရာခိုင်နှုန်း ၄၀ကျော်က တရုတ် ဈေးကွက်၏ ဆွဲဆောင်မှုသည် တိုးမြင့်နေကြောင်း ယူဆကြသည်ဟု သိရသည်။

တရုတ် ဈေးကွက် အပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု အရင်းအမြစ်များ က ဘာလဲ။ အဓိက အကြောင်းရင်းမှာ တရုတ် စီးပွားရေးသည် ယေဘုယျ အားဖြင့် ငြိမ်တည်မှုနှင့် တိုးတက်မှု အရှိန်ကို ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင်၊ အခြား အကြောင်းရင်းများ ရှိသေးသည်။ ပထမ အချက်က တရုတ် နိုင်ငံ၏ အလွန် ကြီးမားသည့် ဈေးကွက် အတိုင်းအတာ ဖြစ်သည်။ တရုတ် စားသုံးမှု ဈေးကွက်၏ အရည်အသွေးနှင့် အဆင့်အတန်း အဆက်မပြတ် တိုးမြင့်လာပြီး ရင်းနှီးမြှုပ်နှံသည့် အချက်သစ်များနှင့် စီးပွားရေး အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနေသည်။ ဒုတိယ အချက် ကတော့ ကောင်းမွန်သည့် ဆန်းသစ်တီထွင်ရေး အခြေအနေ ရှိသည်။ တရုတ် နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ကြီးထွားတိုးတက်လာနေပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် တွန်းအားသစ် ဖြစ်လာပြီ ဖြစ်သည်။ တိုးတက်မှု အချက်သစ်များ ရှိလာခြင်းသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးမှု အားကောင်းစေခြင်း အတွက် အကျိုးရှိသည်။ တတိယ အချက်က ကောင်းမွန်သည့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရေး ပတ်ဝန်းကျင် ရှိသည်။ မကြာခင်က ကျင်းပခဲ့သည့် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှု တိုးမြှင့်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ အသုံးပြုရေးနှင့် ပတ်သက်၍ အရေးကြီး စီစဉ်ထားမှုများကို ပြုလုပ် ခဲ့သည်။ ယင်းစီစဉ်ပေးမှုများတွင် စနစ်ပုံစံတံခါးဖွင့်ရေးကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့ ဆောင်ရွက်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပတွင် တရုတ် နိုင်ငံ၏ ရင်းနှီး မြှုပ်နှံ မှုများ ၏ စီမံခန့်ခွဲရေး စနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေရေး စသည်များ ပါဝင်သည်။