သြဂုတ်လ ၁၆ရက်နေ့က ဘေကျင်းမြို့၌ ပဲရစ် မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ဆိုင်ရာ တရုတ်နိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၁၇ကြိမ်မြောက် နွေရာသီ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲကို သြဂုတ်လ ၂၈ရက်နေ့မှ စက်တင်ဘာလ ၈ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံ အားကစား ကိုယ်စားလှယ်အဖွဲ့ တွင် အဖွဲ့ဝင် ၅၁၆ဦးရှိပြီး ယင်းတို့အနက် အားကစားသမား ၂၈၄ဦးရှိပါသည်။










