ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံ Chiangmai မြို့တွင် Lancang-Mekong ပူးပေါင်းဆောင်ရွက်မှု နဝမ အကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဦးစီးကျင်းပခဲ့၌ Lancang-Mekong ပူးပေါင်း ဆောင်ရွက်မှု နောက်တစ်ဆင့်ဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက် ၄ ချက်ကို တင်ပြခဲ့ပါသည်။
၁၊ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထည့်သွင်းစဉ်းစားပြီး ဘုံမျှော်မှန်းချက်ကို ကာကွယ် စောင့်ထိန်းခြင်း။
၂၊ ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးခြင်းကို ထည့်သွင်းစဉ်းစားပြီး ဉာဏ်ရည်ကွာဟမှုကို တစ်စည်းတစ်လုံးဖြစ်အောင် လုပ်ဆောင်ခြင်း။
၃၊ အပြန်အလှန် ဆက်သွယ်ဖွံ့ဖြိုးမှုကို ထည့်သွင်းစဉ်းစားပြီး တိုးတက်မှု တွန်းအားကို မြှင့်တင်ခြင်း။
၄၊ ပြည်သူ့ဆန္ဒဆက်နွှယ်မှုကို ထည့်သွင်းစဉ်းစားပြီး Lancang-Mekong ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ခြင်း တို့ ဖြစ်ပါသည်။