ဩဂုတ် ၁၆ ရက်နေ့ မွန်းလွဲ ၃:၃၅မိနစ်အချိန် က တရုတ်နိုင်ငံသည် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-4B သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး Yaogan-43 01 ဂြိုဟ်တုများကို အာကာသအတွင်း လွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုများသည် သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး လွှတ်တင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Yaogan-43 01 ဂြိုဟ်တုများကို ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တုအစုအဝေး နည်းပညာသစ်များ စမ်းသပ်ရေး လုပ်ဆောင်ရာတွင် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်ပျံသန်းမှုသည် Long March သယ်ဆောင်ဒုံးပျံစီးရီး၏ ၅၃၁ ကြိမ်မြောက် ပျံသန်းမှု မစ်ရှင်ဖြစ်ကြောင်း သိရှိရသည်။