ဒေသစံတော်ချိန် သြဂုတ်လ ၁၅ရက်နေ့က အမေရိကန်နိုင်ငံ သမ္မတဟောင်း ထရန့်သည် ၎င်း၏“နှုတ်ပိတ်ခ”ဆိုင်ရာမှုခင်း စီရင်ဆုံးဖြတ်သောနေ့ကို ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်အထိ ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သည်။ ၎င်းက စီရင်ဆုံးဖြတ်မည့် စက်တင်ဘာလ ၁၈ရက်နေ့သည် သမ္မတရွေးကောက်ပွဲကို အနှောင့် အယှက်ဖြစ်စေသည်ဟု ယူဆခဲ့သည်။ ဇူလိုင်လ ၂ရက်နေ့တွင် အမေရိကန်နိုင်ငံ ပြည်ထောင်စုတရားသူကြီးသည် “နှုတ်ပိတ်ခ”အမှု စီရင်ဆုံးဖြတ်မည့်နေ့ကို ဇူလိုင်လ ၁၁ရက်နေ့မှ စက်တင်ဘာလ ၁၈ရက်နေ့အထိ ရွှေ့ဆိုင်းရန် သဘောတူခဲ့ပါသည်။
ထရန့်သည် ၎င်း၏“နှုတ်ပိတ်ခ”ဆိုင်ရာမှုခင်း စီရင်ဆုံးဖြတ်မှုကို သမ္မတရွေးကောက်ပွဲ ကျင်းပပြီးစီးသည်အထိ ရွှေ့ဆိုင်းရန် တောင်းဆို
(GMT+08:00)2024-08-16 16:13:28