ဂျပန်အား ယာဆူကူနီနတ်ကွန်း စသည့်သမိုင်းပြဿနာများအပေါ် ချင့်ချင့်ချိန်ချိန် လုပ် ဆောင် ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2024-08-16 16:11:45  

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါ သည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ အမည်ဖြင့် ယာဆူကူနီနတ်ကွန်းသို့ ကျောက်စိမ်းကြိုးများကို ပူဇော်ဆက်ကပ်ခဲ့သည်။ ဂျပန် ကာကွယ် ရေးဝန်ကြီး Kihara Minoru နှင့် ဂျပန်စီးပွားရေး Revitalization ဝန်ကြီး Yoshitaka Shindo စသည့် ကက်ဘိနက်အဖွဲ့ဝင်နှင့် လွှတ်တော်အမတ်အချို့သည် ယာဆူကူနီနတ်ကွန်းသို့ သွားရောက်ကန်တော့ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ ဝေဖန် သုံးသပ် သနည်း။ ဂျပန်နိုင်ငံအား အရေးဆိုနိုင်ဖွယ်ရာရှိသလားဟု သတင်းထောက်က သြဂုတ်လ ၁၅ ရက်နေ့တွင် မေးမြန်းခဲ့ပါသည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ၄င်းမေးမြန်းချက် ကို ဖြေကြားရာတွင် လွန်ခဲ့သည့် ၇၉နှစ် သြဂုတ်လ ၁၅ရက်နေ့တုန်းက ဂျပန်နိုင်ငံသည် Potsdam ကြေညာချက်ကို လက်ခံပြီး ခြွင်းချက်မရှိဘဲ လက်နက်ချသည်ဟု ကြေညာခဲ့ ကြောင်း၊ တရုတ်ပြည်သူများသည် ကမ္ဘာ့ပြည်သူများနှင့်အတူ ဂျပန်စစ်ဝါဒကျူးကျော်သူ များနှင့် ဖက်ဆစ်ဝါဒကို အနိုင်ရရှိပြီး ကြီးမားသော အောင်ပွဲ ရရှိခဲ့ကြကြောင်း၊ ၄င်း သမိုင်းဝင်အခိုက်အတန့်ကို နိုင်ငံတကာအသိုင်းအဝိုင်းသည် ထာဝရမှတ်ထားရန် လို ကြောင်း၊ ယာဆူကူနီနတ်ကွန်းသည် ဂျပန်စစ်ဝါဒမှ ပြည်ပနိုင်ငံများအား ကျူးကျော်စစ်ပွဲ ဆင်နွှဲမည့် သင်္ကေတ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီး၏ အေ အဆင့် စစ်ရာဇဝတ်ကောင်များ ကိန်းဝပ်နေကြောင်း၊ ယာဆူကူနီနတ်ကွန်းနှင့်ပတ်သက်သော ဂျပန်နိုင်ငံရေးသမားအချို့၏ လုပ်ရပ်များမှာ ဂျပန်နိုင်ငံမှ သမိုင်းပြဿနာအပေါ် မှားယွင်း သော သဘောထားကို ထပ်မံ ပြ ဆို နိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုပြီး တည်ကြည်မှန်ကန်သော ရပ်တည်ချက်ကို ဖော်ပြခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။