သြဂုတ်လ ၁၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ထိုင်းနိုင်ငံ Chiangmai မြို့တွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sok Chenda နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
ဝမ်ယိက တရုတ်နိုင်ငံသည် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှုဖွံ့ဖြိုးရေးကို တရုတ် နိုင်ငံ၏ အိမ်နီးချင်းသံတမန်ဆက်ဆံမှုများတွင် အထူးအရေးကြီးသောနေရာ၌ အစဉ်တစိုက် ထားရှိပြီး တရုတ်-ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး မြင့်မားစွာ တိုးတက်စေရန် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ တွန်းအားပေးကာ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုပါကြောင်း ပြောကြားခဲ့ပါသည်။
Sok Chenda က ကမ္ဘောဒီးယားနိုင်ငံအနေနှင့် တရုတ်နိုင်ငံက ခေတ်မီရေးကို အကောင်အထည်ဖော်ဆောင်ပြီး ပိုမိုစည်ပင်သာယာဝပြောလာခြင်းကို ဝမ်းမြောက်စွာ တွေ့မြင်လိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။