ဝမ်ယိသည် လာအိုဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasithနှင့် တွေ့ဆုံ

(GMT+08:00)2024-08-16 16:12:35  

သြဂုတ်လ ၁၅ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ချင်းမိုင်တွင် လာအိုဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasithနှင့် တွေ့ဆုံခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် လာအိုနိုင်ငံအား ၎င်း၏နိုင်ငံအခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေရန် ပြတ်ပြတ်သားသား ထောက်ခံပြီး၊ လာအိုနိုင်ငံ၏ နိုင်ငံတကာနှင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းစေရန် ၎င်းအား အာဆီယံ၏ အလှည့်ကျသဘာပတိနိုင်ငံအဖြစ် ကောင်းမွန်စွာ ထမ်းဆောင်ရန် အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

Saleumxay Kommasith က လာအိုနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များမှ ရရှိသော အရေးကြီးသည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရေး၊ အဆင့်မြင့် အရာရှိများကြား ကူးလူးဖလှယ်မှုများမြှင့်တင်ရေး၊ အပြန်အလှန် လမ်းပန်းဆက်သွယ်ရေးနှင့် ဓာတ်သတ္တုအရင်းအမြစ်များစသည့် အခြားနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆောင်ရွက် လို ကြောင်း၊ လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေး ပိုမိုများပြားသော အောင်ကျိုးရလဒ်များရရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့ပါသည်။