သြဂုတ်လ ၁၅ရက်နေ့နံနက်စောစောပိုင်းက ဟောင်ကောင်၌ ပန်ဒါဝက်ဝံ “Yingying” နှင့် “Lele”တို့သည် အမြွှာတစ်စုံကို မွေးဖွားခဲ့ပါသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Lee Ka Chiu က ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၅ နှစ် ပြည့် မြောက်နှစ်ဖြစ်ပြီး “Yingying” နှင့် “Lele”တို့သည် ဟောင်ကောင်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အမြွှာတစ်စုံကို မွေးဖွားခဲ့ကာ အထူးအဓိပ္ပာယ်ရှိကြောင်း၊ ယခုအချိန်ကာလသည် မွေးကင်းစ ပန်ဒါဝက်ဝံ ကလေးများ၏ကျန်းမာရေးအတွက် အရေးပါသောအချိန်ဖြစ်ကြောင်း၊ ဟောင်ကောင် သမုဒ္ဒရာဥယျာဉ်မှ တိရစ္ဆာန်စောင့်ရှောက်မှုကျွမ်းကျင်ရေးအဖွဲ့နှင့် တရုတ်ပန်ဒါဝက်ဝံ ထိန်းသိမ်းစောင့်ရှောက်ရေးသုတေသနဌာနမှ ဟောင်ကောင်သို့ အထူးစေလွှတ်သော ကျွမ်းကျင်သူများအား “Yingying”နှင့် ပန်ဒါဝက်ဝံ အမြွှာတစ်စုံကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။