ဂျပန်သည် ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်စွက်ဖက်လိုသောစိတ်ကူးရှိပါက ယင်းအတွက် ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကဆို

(GMT+08:00)2024-08-15 14:52:57  

သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ်ဟောင်း Ishiba Shigeru နှင့် အခြားကွန်ဂရက် လွှတ်တော်အမတ်များသည်  မကြာသေးမီက ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ချိန်အတွင်း Lai Qingde၊ Xiao Meiqin တို့နှင့် တွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ သက်ဆိုင်ရာဂျပန်နိုင်ငံရေးသမားများ၏ အပြုအမူသည် တရုတ်နှင့်ဂျပန်အကြား နိုင်ငံရေးဆိုင်ရာ စာတမ်းလေးခုနှင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်သည့် ဂျပန်တို့၏ ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တရုတ်ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် စွက်ဖက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကိစ္စကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ဂျပန်ကို တည်ကြည်လေးနက်စွာ အရေးဆိုပြီဖြစ်ကြောင်း၊ ဂျပန်က လူတချို့သည် ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်စွက်ဖက်ပြီး တရုတ်ရဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ စိတ်ကူးရှိပါက ယင်းအတွက် ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။