သြဂုတ်လ ၁၃ရက်နေ့က မြစ်ဝါမြစ် Xiaolangdi ရေထိန်းသိမ်းရေးအချက်အချာနေရာ တွင် ရေလွှဲမြောင်း ၄ခုကို ဖွင့်ချခဲ့ပြီး ရေလွှဲထုတ်ပစ်လိုက်ပါသည်။ ရွှံ့နှင့်သဲ အမြောက်အများ ပါသော မြစ်ဝါမြစ်ရေ စီးဆင်းနေသော မြင်ကွင်းကို အံ့မခန်းစွာ တွေ့ရသည်။
မကြာသေးမီက မြစ်ဝါမြစ် မြစ်ညာပိုင်း၌ ဖြစ်နိုင်ခြေရှိသော ရေကြီးမှုကို ရင်ဆိုင်ပြီး မြစ်ဝါမြစ် မြစ်ကြောင်းတစ်လျှောက် ရေဘေးကြိုတင်ကာကွယ်ရေးလုံခြုံမှုကို အာမခံပေးရန် အတွက် မြစ်ဝါမြစ် Xiaolangdi ရေလှောင်တမံသည် ၂၀၂၄ခုနှစ် သြဂုတ်လ ၉ရက်နေ့မှစ၍ ရေကြီးရေလျှံမှုကြိုတင် ကာကွယ်ရေးလုပ်ငန်းကို စတင်ပြုလုပ်၍ ရေလွှဲထုတ်ပစ်ကာ ဆောင်းဦးရာသီ ရေကြီးခြင်းကို ကြိုတင်ကာကွယ်ခဲ့ပါသည်။