ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် တရုတ်တပ်ဖွဲ့ဝင်များသည် ထိုင်းလေတပ်အခြေစိုက် စခန်းသို့ ရောက်ရှိ

(GMT+08:00)2024-08-15 16:30:47  

သြဂုတ်လ ၁၄ ရက်နေ့က တရုတ်-ထိုင်း "Eagle Strike-2024" လေတပ် ပူးတွဲ လေ့ကျင့်မှုတွင် ပါဝင်သော တရုတ်တပ်ဖွဲ့ဝင်အားလုံးသည် လေကြောင်းပို့ဆောင်ရေး အပါအဝင်နည်းလမ်းမျိုးစုံဖြင့် ထိုင်းလေတပ် Udon Thani အခြေစိုက်စခန်းသို့ အသုတ်လိုက် ရောက်ရှိခဲ့ကြပါသည်။

တရုတ်-ထိုင်း တပ်မတော်နှစ်ရပ်တို့၏ နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ "Eagle Strike-2024" ပူးတွဲလေ့ကျင့်မှုကို သြဂုတ်လလယ်မှ သြဂုတ်လကုန်အထိ ထိုင်းလေတပ် Udon Thani အခြေစိုက်စခန်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ယခုအကြိမ် ပူးတွဲလေ့ကျင့်မှုသည် တရုတ်-ထိုင်းလေတပ်တို့၏ သတ္တမအကြိမ်ပူးတွဲလေ့ကျင့်မှုဖြစ်ပြီး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုနည်းပညာအဆင့်ကို မြှင့်တင်ရန်၊ တရုတ်-ထိုင်း တပ်မတော် နှစ်ရပ်အကြား လက်တွေ့ကျသည့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုကို ပူးတွဲထိန်းသိမ်းရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု သတင်းအရ သိရပါသည်။