တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် Diaoyu ကျွန်း၏ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဂျပန်သင်္ဘောကို ဥပဒေနှင့်အညီ နှင်ထုတ်

(GMT+08:00)2024-08-15 16:25:50  

ဩဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်ငါးဖမ်းသင်္ဘော "Tsurumaru" သည် တရုတ်နိုင်ငံ Diaoyu ကျွန်း၏ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ ၎င်းကို လိုအပ်သလို ထိန်းချုပ်ကာ သတိပေး နှင်ထုတ်ခဲ့ပါသည်။ Diaoyu ကျွန်းနှင့် ၎င်း၏ ဆက်နွယ်နေသော ကျွန်းများသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ပြီး အဆိုပါ ပင်လယ်ရပ်ဝန်းအတွင်း တရားမဝင် လုပ်ဆောင်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် ဂျပန်ကို တရုတ်က တိုက်တွန်းထားပါသည်။