ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) ၏ ဒါရိုက်တာ Philippe Lazzarini က ဂါဇာကမ်းမြောင်ဒေသရှိ ကလေး ၆၂၅,၀၀၀ သည် တစ်နှစ်နီးပါး ကျောင်းမတက်ဘဲ နေခဲ့ရကြောင်း၊ ဂါဇာဒေသရှိ စာသင်ကျောင်း ၅ ကျောင်းလျှင် ၄ ကျောင်းသည် တိုက်ရိုက်တိုက်ခိုက်မှုခံခဲ့ရပြီး ပျက်စီးသွားသော အဆိုပါကျောင်းများ ပြန်လည် တည်ဆောက်ရန်နှင့် ပြုပြင်ရန် လိုအပ်ကြောင်း ဒေသစံတော်ချိန် ဩဂုတ်လ ၁၄ ရက်နေ့က ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါသည်။
Philippe Lazzarini က "ကျွန်တော်တို့ ဂါဇာကမ်းမြောင်ဒေသရှိ ကလေးတွေ ပြန်လည်ကျောင်းတက် စာသင်ရမှာပေါ့" ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။