ဒေသစံတော်ချိန် သြဂုတ်လ ၁၄ ရက်နေ့တွင် ယူကရိန်းစစ်ဦးစီးချုပ် Alexander Sersky က ယူကရိန်းတပ်ဖွဲ့သည် ရုရှားနိုင်ငံ Kurskaya ပြည်နယ်၏ ၁၀၉၇ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ရုရှားဘက်က တုံ့ပြန်မှု မရှိသေးကြောင်း သတင်းရရှိပါသည်။
ယူကရိန်းတပ်ဖွဲ့သည် ရုရှားနိုင်ငံ Kurskaya ပြည်နယ်တွင် ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင် နေကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည့်တစ်ချိန်တည်းတွင် ယူကရိန်းနိုင်ငံသည် ရုရှားပိုင်နက်နယ်မြေကို သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။
သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zakharova က ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ Kurskaya ပြည်နယ်ကို အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကာလရှည်ကြာစွာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။