ဆရီထာထာဝီဆင်း ရာထူးမှ ဖယ်ရှားခံရပြီး ထိုင်းလွှတ်တော်သည် သြဂုတ်လ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ် တင်မြှောက်ရန် မဲပေးဆုံးဖြတ်မည်

(GMT+08:00)2024-08-15 14:54:18  

ထိုင်းလွှတ်တော်သည် သြဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးချယ်တင်မြှောက်ရန် မဲပေးဆုံးဖြတ်မည် ဖြစ်ပြီး ထိုင်းဖြူထိုင်းပါတီ(PTP)သည် သြဂုတ်လ ၁၅ ရက်နေ့တွင် ၄င်း၏ ဝန်ကြီးချုပ်လောင်း နာမည်စာရင်းကို ဆုံးဖြတ်မည် ဖြစ်ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။

    သြဂုတ်လ ၁၄ ရက်နေ့က ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ထိုင်း ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်း မှ ပီချစ် ချွမ်ဘန် အား ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ရာထူး ခန့်အပ်ခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် ဆရီထာ ထာဝီဆင်းကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါသည်။ ပီချစ် ချွမ်ဘန် သည် တရားရုံးတွင် အဆင့်မြင့်တရားရေးဝန်ထမ်းတစ်ဦးကို လာဘ်ပေးရန် ကြိုးပမ်းခဲ့သဖြင့် ထောင်ဒဏ် ၆ လ ခံခဲ့ရသူဖြစ်သောကြောင့် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမရှိကြောင်း၊ ၄င်းအခြေအနေကို သိရှိနားလည်သော ဆရီထာ ထာဝီဆင်း သည် ပီချစ် ချွမ်ဘန် အား ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ရာထူးခန့်အပ်ရန် ဘုရင်ထံသို့ တင်ပြခဲ့ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်၍ ဆရီထာထာဝီဆင်းကို ရာထူးမှ ဖယ်ရှားရမည် ဖြစ်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပါသည်။