Shimizu Hideo မှ သမိုင်းအဖြစ်မှန်ကို ဖော်ထုတ်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်သည့် သတ္တိကို တန်ဖိုးထားချီးကျူးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-08-14 13:05:10  

မကြာသေးမီက တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့ဝင်ဟောင်း Shimizu Hideo နှင့်အဖွဲ့သည် ၄င်းတို့၏ အပြစ်ကို ဝန်ခံရန် တရုတ်နိုင်ငံ Harbin မြို့ရှိ တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့၏ ရာဇဝတ်မှု ခင်းကျင်းပြသခန်း၊ ဂျပန်၇၃၁တပ်ဖွဲ့၏ နေရာဟောင်းသို့ လာရောက်ခဲ့သည်။ Shimizu Hideo သည် လက်ရှိ လူ့လောကတွင် ရှိနေပြီး ဂျပန်ရောဂါပိုးမွှားတပ်ဖွဲ့၏ အပြစ်ကို လူသိရှင်ကြားဖော်ထုတ်လို သော တစ်ဦးတည်းသော ဂျပန်၇၃၁တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ ဝေဖန်သုံးသပ်လိုပါသနည်းဟု China Media Group မှ သတင်းထောက်က မေးမြန်းခဲ့ပါသည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ၄င်းမေးမြန်းချက် ကို ဖြေကြားရာတွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန် တပ်ဖွဲ့သည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး တရုတ်ပြည်သူများ အား ရောဂါပိုးမွှားစစ်ပွဲကို ဆင်နွှဲခဲ့ကြောင်း၊ ရက်စက်သော Human in vivo experiment ပြုလုပ်ပြီး လူသား ဆန့်ကျင်ရေး အပြစ်ကျူးလွန်ခဲ့ကြောင်း၊ ဂျပန် စစ်ဝါဒမှ ဆင်နွှဲသော ရောဂါပိုးမွှားစစ်ပွဲသည် သက်သေအထောက်အထား ခိုင်လုံလှသဖြင့် ငြင်းဆို၍ မရကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က မိမိတို့သည် Shimizu Hideo မှ သမိုင်းအဖြစ်မှန်ကို ဖော်ထုတ်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်သည့် သတ္တိကို တန်ဖိုးထားချီးကျူးကြောင်း၊ ဂျပန် နိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပမှ တရားမျှတမှု ရရှိရန် တောင်းဆိုချက်များကို သေချာစွာ နာထောင်ပြီး ဂျပန်စစ်ဝါဒ၏ ကျူးကျော်မှုသမိုင်းကို မှန်ကန်စွာ ရှုမြင်ပြီး အလေးအနက် တွေးတောဆင်ခြင်သင့်ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် အာရှတိုက်မှ ဒုက္ခခံခဲ့ရသော နိုင်ငံများမှ ပြည်သူများ၏ ခံစားချက်ကို လေးစားပြီး သမိုင်းမှ သင်ခန်းစာကို ရယူကာ အဆိပ်အတောက် အကြွင်းအကျန်ကို ရှင်းလင်းသုတ်သင်ပြီး သမိုင်း၏အမှားများကို ထပ်မံ မဖြစ်စေသင့်ကြောင်း ပြောကြားခဲ့ပါသည်။