ဒေသစံတော်ချိန် ဩဂုတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အယ်လ်ဂျီးရီးယား၏ တောင်းဆိုချက်အရ ဂါဇာဒေသ အခြေအနေဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့သည်။ ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်မှုရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် Rosemary DiCarlo က ဩဂုတ်လ ၁၀ ရက်နေ့က အစ္စရေး၏ ဂါဇာရှိ စာသင်ကျောင်းတစ်ကျောင်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးကောင်စီသည် ယခုအကြိမ် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန်၊ ဓားစာခံများ လွှတ်ပေးရန်နှင့် ဂါဇာအား လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို ပိုမို ပေးအပ်ရန် အရေးတကြီး လိုအပ်ဟု ထပ်မံပြသထားကြောင်း ပြောကြားခဲ့ သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဂါဇဒေသအခြေအနေဆိုင်ရာ အရေးပေါ်အစည်းအဝေး ကျင်းပ
(GMT+08:00)2024-08-14 13:06:35