ဗြိတိန် Financial Times သည် ၎င်း၏နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်များကို ဒေသစံတော်ချိန် သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အမေရိကန်ဒီမိုကရက်တစ် ပါတီ သမ္မတ ဘိုင်ဒန်မှ ပြဌာန်းသည့် ထုတ်လုပ်မှုဥပဒေ ၂ ခုကို ပထမနှစ် အကောင်အထည်ဖော်မှုတွင် ချောမွေ့ခြင်းမရှိဘဲ၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်သော အကြီးစားစီမံကိန်းများ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် အချိန်ဇယားထက် နောက်ကျ သို့မဟုတ် ရပ်တန့်နေသည်ဟု ဖော်ပြထားသည်။
ဘိုင်ဒန်အစိုးရသည် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် "Inflation Reduction Act" နှင့် "Chip and Science Act" ကို ပြဌာန်း ခဲ့သော်လည်း Financial Times ၏ စုံစမ်းစစ်ဆေးမှုအရ အထက်ဖော်ပြပါ ဥပဒေများနှင့် ပတ်သက်သည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ဖိုးရှိ အကြီးစားပရောဂျက်ပေါင်း ၁၁၄ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၂၇.၉ ဘီလီယံ ရှိကာ ၎င်းအနက် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံခန့်ရှိသော ပရောဂျက်များသည် နှစ်လမှ နှစ်အတော်ကြာ နောက်ကျ ကျန်နေ ပြီး သို့မဟုတ် အဆုံးမရှိ ရပ်ဆိုင်းနေသည်ဟု သတင်းအရ သိရှိရသည်။