ပူတင်သည် အလည်အပတ်ရောက်ရှိနေသော အာဘတ်စ်နှင့်တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-08-14 11:59:59  

သြဂုတ်လ ၁၃ ရက်နေ့က ရုရှားသမ္မတ ပူတင်သည် မော်စကို၌ အလည် အပတ် ရောက်ရှိ နေသော ပါလက်စတိုင်းသမ္မတ အာဘတ်စ် နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများကို ဆွေးနွေး ခဲ့ကြပါသည်။

ပူတင်က ရုရှားသည် အာရပ်ကမ္ဘာတစ်ခုလုံးနှင့်၊ အထူးသဖြင့် ပါလက်စတိုင်းနှင့် ကာလကြာရှည်စွာ နက်ရှိုင်းသော ဆက်ဆံရေး ရှိပြီး ရုရှားသည် အရှေ့အလယ်ပိုင်းဒေသနှင့် ပါလက်စတိုင်းတွင် ဖြစ်ပျက်နေမှုများကို လျစ်လျူရှုမည်မဟုတ်ကြောင်း၊ ရုရှားက ပါလက်စတိုင်း ပြည်သူများကို တတ်နိုင်သမျှ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ရုရှားသည် ပါလက်စတိုင်း-အစ္စရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် အမြဲတမ်း ထောက်ခံ အားပေးကြောင်း၊ ဒေသတွင်း ရေရှည်ယုံကြည်စိတ်ချရပြီး တည်ငြိမ်သော ငြိမ်းချမ်းရေးကို အာမခံရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အားလုံးကို လိုက်နာကျင့်သုံး ရမည်ဖြစ်ပြီး ၎င်းဆုံးဖြတ်ချက်များထဲမှ ပထမအချက်မှာ ပါလက်စတိုင်းနိုင်ငံ အပြည့်အဝ ထူထောင်ရေး နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။