နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Bach မှ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ ထံသို့ စာတစ်စောင် ပေးပို့

(GMT+08:00)2024-08-14 13:05:39  

နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Bach မှ သြဂုတ်လ ၁၂ ရက်နေ့က China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ ထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ China Media Group မှ ပဲရစ်အိုလံပစ်အားကစားပွဲတော် ထပ်ဆင့်ထုတ်လွှင့်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ခြင်းအပေါ် ဂုဏ်ပြုထောမနာပြုပြီး ထပ်ဆင့်ထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သော China Media Group မှ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ပါသည်။
    Bach ၏ စာတွင် ၂၀၂၄ခုနှစ်ပဲရစ်အိုလံပစ်အားကစားပွဲတော်ကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း၊ China Media Group အနေဖြင့် အိုလံပစ်အားကစားပွဲတော် ကျင်းပစဉ် အတောအတွင်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ China Media Group အား ကျေးဇူးတင်ရှိပါသည်ဟု ဖော်ပြလိုကြောင်း၊ နိုင်ငံတကာအိုလံပစ်ကော်မတီနှင့် China Media Group အကြား မိတ်ဖက်ဆက်ဆံရေးမှာ အိုလံပစ်ဆောင်ပုဒ်ကို ရှင်းလင်း ပြတ်သားစွာ ဖော်ပြနိုင်ကြောင်း၊ ၄င်းမှာ ပိုမိုမြန်ဆန်ခြင်း၊ ပိုမိုမြင့်မားခြင်း၊ ပိုမိုသန်မာခြင်းနှင့် ပိုမို စည်းလုံးညီညွှတ်ခြင်းတို့ ဖြစ်ကြကြောင်း ဖော်ပြထားပါသည်။