ရှီကျင့်ဖိန်သည် ဟူပေ ပြည်နယ် Shiyan Danjiangkou ရေလှောင်ကန်ဧရိယာရှိ စေတနာ့ ဝန်ထမ်းများ ထံသို့ စာပြန်

(GMT+08:00)2024-08-14 18:05:44  

ဒုတိယ အကြိမ်မြောက် ပြည်လုံးဆိုင်ရာ ဂေဟနေ့ ကျရောက်လာသည့် အခါသမယတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဟူပေ ပြည်နယ် Shiyan Danjiangkou ရေလှောင်ကန်ဧရိယာရှိ စေတနာ့ ဝန်ထမ်းများထံသို့ ပြန်စာ ရေးသား ပေးပို့ပြီး ၄င်းတို့ကို အားပေးကာ တရုတ်ပြည် တစ်ပြည်လုံးရှိ ဂေဟ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်သူနှင့် စေတနာ့ ဝန်ထမ်းများကို နှုတ်ခွန်းဆက်သကြောင်း ဖော်ပြ ခဲ့ သည်။

ရှီကျင့်ဖိန်က ၄င်းပြန်စာတွင်  တရုတ် နိုင်ငံ တောင်ပိုင်းက ရေကို မြောက်ပိုင်းဒေသသို့ ပို့ဆောင်ရေး လုပ်ငန်း အစီအစဉ်သည် မဟာဗျူဟာ အခြေအနေ တစ်ခုလုံး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ ချမ်းသာသုခနှင့် သက်ဆိုင်ကြောင်း၊ မြစ်ဖျားခံရာ ဒေသ၏ ဂေဟ ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရေး အတွက် လူတိုင်းက တာဝန် ကျေပြွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ခင်ဗျားတို့ အနေနှင့် စေတနာ့ ဝန်ထမ်း၏ ဝန်ဆောင်မှု စိတ်ဓာတ်ကို ဆက်လက် စွဲကိုင်ပြီး လူသားနှင့် သဘာဝ အကြား  သဟ ဇာတရှိရှိ ယှဉ်တွဲနေထိုင်သည့် ခေတ်မီရေးကို ဖော်ဆောင်ရန် အတွက် အကျိုးပြု စွမ်းဆောင် နိုင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။