ယူကရိန်းက ရုရှားပိုင်နက်နယ်မြေသို့ ဝင်ရောက်ထိုးစစ်ဆင်ပြီးနောက် ပူတင်သည် အစည်းအဝေး ပြုလုပ်

(GMT+08:00)2024-08-13 13:13:33  

ဒေသစံတော်ချိန် ဩဂုတ်လ ၁၂ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာ-ပူတင်သည် Kursk ပြည်နယ် လုံခြုံရေး အခြေအနေနှင့်ပတ်သက်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။

ပူတင်က ယူကရိန်းသည် Kursk ပြည်နယ်အား ထိုးစစ်ဆင်ခြင်းဖြင့် စေ့စပ်ညှိနှိုင်းမှုများတွင် အားသာချက် ပိုမို ရရှိရန် ကြံစည်နေကြောင်း၊ ယူကရိန်းသည် Kursk ပြည်နယ်ကို ရန်စမှု ပြုလုပ်ခဲ့သော်လည်း ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာတွင် စနစ်တကျ ချီတက် နေလျက်ရှိကြောင်း ပြောကြားခဲ့သည်။